ဘဝမှာ အချစ်ဆုံး ဆိုတာတွေထား ခဲ့လို့ ရင်နာရပေါင်းများ
ခဲ့တယ် . .
အမှားများစွာကိုလည်း ဆင်ခြင်တုံတရားကင်းမဲ့စွာ
ပြုမူခဲ့တယ် . .
ဒါတွေကိုထက်မဖြစ်ချင်ဘူးလို့ကိုယ့်ကိုယ်ကို
သတိပေးရင်းနဲ့ပဲ ငါသတိလက်လွတ်ထက်ဖြစ်ခဲ့တယ် . .
လူတွေရဲ့လှည့်စားမှူ့တွေကိုတွေ့ရပေါင်းများလာတာနဲ့အမျှ
ငါဘာကို အစစ် ဘာကို အတု ဝေခွဲရခက်လာတယ် . .
အမှန်တရားဆိုတာဘာလဲ . .
မေတ္တာတရား ဆိုတာကကော ဘယ်မှာလဲ . .
ယုံကြည်မှုဆိုတာကော တကယ်ရှိရဲ့လား . .
ဘာပဲဖြစ်ဖြစ် သစ္စာတရားလေးတော့ ဖြစ်နိုင်မယ်ဆို
ငါလို ချင်တယ် . .
No comments:
Post a Comment